တစ်ခုသောဆောင်းဥတုရဲ့
ဟောဒီလိုနေ့ရက်တစ်ခုမှာ
အစပြုခဲ့ပါတယ်။
ဘယ်နက္ခက်နဲ့ စန်းယှဉ်မှန်းမသိတဲ့
သန်းခေါင်ကျော် ညဉ့်နက်နက်မှာ
အပ်နှစ်စင်းပေါင်းဆုံမှုထက်
ခက်ခဲတဲ့ဖြစ်တည်မှုနဲ့အတူ
လူဖြစ်လာခဲ့သတဲ့။
သူတကာထက် မထူးခြားတဲ့
သာမန်လူသားတစ်ယောက်ပါပဲ
အထွန်းဖွားဆိုသော်လည်း
ဘယ်နေရာမှမထွန်းကားခဲ့သလို
နတ်တော်မှာမွေးပြီး မတော်ခဲ့တာလည်း
လွဲချော်မှုတစ်ခုထင်ပါရဲ့။
ရှင်သန်ခဲ့ပြီးသလောက်ကတော့
ကမောက်ကမနဲ့ပေါ့။
နောက်လာမယ့် အနာဂါတ်အတွက်လည်း
အားတင်းလျက်ပါပဲ။
ဒီဇင်ဘာရေ...
မင်းကနှင်းတွေ အခါခါရွာချပေမယ့်
ငါကခုထိ မအေးမြနိုင်သေးဘူး။
တစ်နှစ်ပြီးတစ်နှစ် သစ်နေတဲ့
ငါချစ်တဲ့ဆောင်းရေ...
မင်းမရှိတဲ့မြေမှာ
နှင်းဝေတဲ့ နံနက်ခင်းတွေကိုလွမ်း..လို့။
မင်္ဂလာပါ
Tuesday, December 4, 2007
၎၊ ဒီဇင်ဘာ အမှတ်တရ
Subscribe to:
Post Comments (Atom)
11 comments:
သူများသတ်မှတ်ချက်မှာ အတော်ဆုံး၊ အကောင်းဆုံးမဖြစ်ခဲ့ရင် တောင် ကိုယ့်သတ်မှတ်ချက်၊ ကိုယ့်ဥပဒေသနဲ့ အကောင်းဆုံးဖြစ်နိုင်ပြီး၊ နောက်ထပ် ဒီဇင်ဘာ(၄) ရက်ပေါင်းမြောက်များစွာကို ရဲရဲရင့်ရင့်နှင့်ခွန်အားအပြည့်၊ ရင်ဆိုင်ဖြတ်ကျော်နိုင်တဲ့သူ ဖြစ်ပါစေ....... လို့ လေးလေးနက်နက် ဆုတောင်းပေးသွားပါတယ် တူးတူးရေ။
တစ်ရက်ရက်တော့လည်း အလွမ်းတွေပြေသွားမှာပါခင်ဗျာ။
နောက်မှ ကွန့်မန့် လာပွတ်မယ် ..း)
ကဗျာလေးက ကောင်းပါတယ်...ဆက်ေ၇း..ဆက်ဖတ်မယ်.. ဆက်အားပေးမယ်...
ဒီကဗျာ က တူးတူးရဲ့ မွေးနေ့ ကို ရည်ရွယ်ပြီး ရေးတာလား ခင်ဗျ .ပျော်ရွှင်ငြိမ်းချမ်း ပါစေဗျာ.
ကဗျာက မိုက်တယ်ကွ အထွန်းဖွားပေမဲ့ မထွန်းကားတာတို့ နတ်တော်မှာမွေးလဲ မတော်တာတို့ ဟဲဟဲ :)
အရမ်းကောင်းတဲ့ကဗျာလေးပါပဲ။
ခင်မင်ရသော မမ တယောက်
အမြဲတမ်းပျော်ရွှင်နိုင်ပါစေနော်
မတူးတူး...
မွေးနေ့လား...။
မွေးနေ့ဆိုရင်တော့ ၀ါးတီးလေးဘာလေး ထည့်လေ...။
မတူးတူးက နတ်တော်လား...လေးမနဲ့ တစ်လကွာတယ်..။
ချမ်းမြေ့ပါစေရှင်...။
ကျွန်တော်က ဒီဇင်ဘာ ၃ မွေးတာဗျ။ တူးတူးက မဖိတ်ပေမဲ့ ကိုယ့်ဘာကိုယ် ဟိုဘလော့ခ်ဝင် ဒီဘလော့ခ်ဝင်နဲ့ ရောက်လာပါတယ်။ ကဗျာလေး ကောင်းတယ်ဗျာ။ အားပေးလျက်ပါ။ ဆက်ရေးပါနော်။
သန်းခေါင်ကျော် ဆောင်းတစ်ညမှာ
ကမ္ဘာမြေကို ငါစတင်နူတ်ဆက်တယ်
ပြက္ခဒိန်ထဲမှာတော့
အဲဒီရက်က နံပါတ် ၄ ။
ရခဲလှတဲ့ ဖြစ်တည်မှုက
စကတည်းက မသိမ်မွေ့ ဘူး
ဘကုန်းနဲ့ ၀လုံးပေါင်းထားတဲ့
အက္ခရာကို စာလုံးမပေါင်းတတ်ပေမယ့်
ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့
သူလို ငါလိုကောင်ရဲ့
ဟောဒီရင်ဘတ်ထဲမှာတော့
ချစ်ခြင်းမေတ္တာတွေ ထွန်းကားတယ်။
လျှောက်ခဲ့ပြီးသမျှ လမ်းမှာတော့
ကတောက်ကဆတွေ မရှိခဲ့သလို
ထပ်လျှောက်မယ့် လမ်းအတွက်လည်း
သန့်စင်တဲ့ အပြုံးတွေနဲ့ 
နူးညံ့မှုတွေကို ထုပ်ပိုးထားတယ်။
ဒီဇင်ဘာကတော့
နှင်းတွေကို အခါခါရွာချသလို
ငါကတော့ အမုန်းတရားတွေကို
အကြိမ်ကြိမ် ခါချတယ်။
တစ်နှစ်ပြီး တစ်နှစ်သစ်နေတဲ့
ငါချစ်တဲ့ ဆောင်းရေ ...
မင်းရဲ့ နံနက်ခင်းတွေကို
အေးမြခွင့်ပြုပါကွယ် ...။ ။
ဗွေးတုတ်ရေ ... စီဘောက်စ်မှာ ကဗျာမရေးချင်လို့ ဒီမှာလာရေးတယ်ဟေ့ ... အကြွေးလဲဆပ်ရင်းပေါ့ ဟတ် ဟတ် ....။ ကြေပြီနော် ....း)
ခုမှ မွေးနေ့  လက်ဆောင်လာပေးတာ ... နောက်ထပ် နောက်ထပ်သော ဆောင်းရာသီတိုင်းမှာ အေးမြမှုတွေကို ပေးစွမ်းနိုင်ပါစေဗျာ။
အဆင်ပြေပါစေဗျာ ...။
tutu
:D
like ur poem
like ur thoughts
keep it up naw..
i also like your poem:-)
Post a Comment