မင်္ဂလာပါ


Thursday, January 24, 2008

စက္ကူရုပ်လေးတွေခေါက်ကြမယ်(၂)

အိုရီဂါမီ ကြောင်ရုပ်လေးတွေပါ။

Kitty










Black Cat








ဆက်ဖတ်ပါနော်...

Sunday, January 20, 2008

စက္ကူရုပ်လေးတွေခေါက်ကြမယ်(၁)

ဂျပန်ရိုးရာ(Origami)အိုရီဂါမီစက္ကူရုပ်ခေါက်နည်းလေးတွေပါ။

ဝါသနာပါသူများ အတွက်တော့ အပျင်းလည်းပြေ၊ စိတ်ဝင်စားစရာ လည်းကောင်းတဲ့ လက်မှုအနုပညာတစ်ရပ်ပါ။ စတုန်းရန်းပုံ စာရွက်တစ်ရွက်ဟာ ဖန်တီးသူရဲ့ လက်ထဲမှာ ကြိုးကြာတစ်ကောင် ဖြစ်နိုင်သလို၊ ပန်းတစ်ပွင့်လည်း ဖြစ်နိုင်ပါတယ်။ အခြားစိတ်ဝင်စားစရာ အရုပ်မျိုးစုံလည်း ဖြစ်နိုင်ပါတယ်။

တစ်ယောက်တည်း ပျင်းနေတဲ့အခါမှာဖြစ်စေ၊ တစ်စုံတစ်ရာက စောင့်ဆိုင်းရတဲ့ အခါမျိုးမှာဖြစ်စေ လက်ထဲမှာ စက္ကူတစ်ရွက်သာ ရှိနေခဲ့ရင် အရုပ်ကလေးတစ်ရုပ် ဖန်တီးခြင်းဖြင့် အဲ့ဒီအချိန်တစ်ခုကို ကျော်ဖြတ်နိုင်ပါတယ်။


ဒါကတော့ လူသိများ၊ထင်ရှားတဲ့ အိုရီဂါမီကြိုးကြာ လေးပါ။
ဒီကြိုးကြာလေးနဲ့က ကလေးဘ၀ကတည်းက ရင်းနှီးခဲ့တာပါ။ သကြားလုံးထုပ်တဲ့ စက္ကူလေးတွေ၊ မုန့်ထုပ်ထဲမှာပါတဲ့ တံဆိပ်ကလေးတွေကနေ ကြိုးကြာလေးတွေ အများကြီးဖြစ်ခဲ့ဖူးပါတယ်။

ကဲ..စိတ်ဝင်စားတယ် ဆိုရင်တော့ ဒီလိုကြိုးကြာလေး တစ်ကောင်ကို ကိုယ်တိုင်ဖန်းတီး ကြည့်နိုင်ပါတယ်။



စတုရန်းပုံ အခြေခံခေါက်နည်းပါ။ အရုပ်အများစုဟာ ဒီခေါက်နည်းပေါ်မှာ အခြေခံပါတယ်။




ခေါက်နည်းအဆင့်ဆင့် ဖြစ်ပါတယ်။





သရုပ်ပြ video လေးပါ။



Click on the crane to see animated diagrams.


Video Download Link

ဆက်ဖတ်ပါနော်...

Tuesday, December 4, 2007

၎၊ ဒီဇင်ဘာ အမှတ်တရ

တစ်ခုသောဆောင်းဥတုရဲ့
ဟောဒီလိုနေ့ရက်တစ်ခုမှာ
အစပြုခဲ့ပါတယ်။

ဘယ်နက္ခက်နဲ့ စန်းယှဉ်မှန်းမသိတဲ့
သန်းခေါင်ကျော် ညဉ့်နက်နက်မှာ
အပ်နှစ်စင်းပေါင်းဆုံမှုထက်
ခက်ခဲတဲ့ဖြစ်တည်မှုနဲ့အတူ
လူဖြစ်လာခဲ့သတဲ့။

သူတကာထက် မထူးခြားတဲ့
သာမန်လူသားတစ်ယောက်ပါပဲ
အထွန်းဖွားဆိုသော်လည်း
ဘယ်နေရာမှမထွန်းကားခဲ့သလို
နတ်တော်မှာမွေးပြီး မတော်ခဲ့တာလည်း
လွဲချော်မှုတစ်ခုထင်ပါရဲ့။

ရှင်သန်ခဲ့ပြီးသလောက်ကတော့
ကမောက်ကမနဲ့ပေါ့။
နောက်လာမယ့် အနာဂါတ်အတွက်လည်း
အားတင်းလျက်ပါပဲ။

ဒီဇင်ဘာရေ...
မင်းကနှင်းတွေ အခါခါရွာချပေမယ့်
ငါကခုထိ မအေးမြနိုင်သေးဘူး။

တစ်နှစ်ပြီးတစ်နှစ် သစ်နေတဲ့
ငါချစ်တဲ့ဆောင်းရေ...
မင်းမရှိတဲ့မြေမှာ
နှင်းဝေတဲ့ နံနက်ခင်းတွေကိုလွမ်း..လို့။

ဆက်ဖတ်ပါနော်...

Saturday, December 1, 2007

ပွဲစဉ်မှတ်တမ်း(၂၃)၊(၃၂)

ဒီနေ့တော့အလည်သွားရင်းဖတ်ခဲ့ရတဲ့ linoo2007 ရဲ့ကဗျာလေးနဲ့
ဆားချက်ရင်း...
ဒီဇင်ဘာ(၁)ရက်ကို နှုတ်ခွန်းဆက်လိုက်ပါတယ်။smile


``ပွဲစဉ်မှတ်တမ်း(၂၃)´´

သံသရာအသင်းမှာ ဆက်ပြီးကစားဖို့
သေခြင်းတရားဆီကနေ
ဒုက္ခကိုအလိုက်ပေးပြီး
မေမေကျွန်တော့်ကို ၀ယ်ယူခဲ့တယ်။

ဒီရာသီမှာလည်း
ဖလားလက်မဲ့နဲ့ ပွဲသိမ်းခဲ့တဲ့အကြောင်း
မေမေ့ကို ဘယ်လိုပြောရမလဲ။
တန်းဆင်းဇုန်ထဲမရောက်အောင်
ရုန်းကန်နေရတဲ့ အသင်းတစ်သင်းလောက်ပဲ
သားက ရပ်တည်ခဲ့ချင်တာပါမေမေ။
ငွေကြေးနဲ့ အောင်မြင်မှုအတွက်
အသင်းပြောင်းပြီး ခြေစွမ်းမပြချင်ဘူး။

မေမေရေ.........
ခုဆိုရင်
သားရဲ့တောအုပ်မှာ
အနာဂတ်တွေခဏ ခဏ ခုတ်လှဲခံခဲ့ရပေါ့။
လောကနဲ့ အချိတ်အဆက်မိအောင်
မကစားနိုင်ခဲ့တော့လည်း
အခွင့်အရေးဆိုတာ
မိနစ်ကိုးဆယ်မပြည့်ခင် လူးစားလဲခံခဲ့ရတယ်။

ဗျူဟာအခင်းအကျင်းကပဲ လွဲနေလို့လား
ရိုးသားခြင်းဟာ
ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိသလို
ဖြစ်ဖြစ်နေတော့
မျှော်လင့်ချက်တွေလည်း
ဂိုးမိုးခေါင်ခဲ့တာကြာပြီ။
အနုပညာဆိုတာ
ဖြေဆေးမရှိတဲ့ အဆိပ်ခွက်ဖြစ်ခဲ့ရင်တောင်
ကျေကျေနပ်နပ်ကြီး မော့သောက်ရဲသူပါ မေမေ ။

အခုတော့ ကံကြမ္မာကလပ်နဲ့ ခြေစမ်းပွဲမှာ
ဂိုးတိုင်ပျောက်နေတဲ့
ကဗျာရှေ့တန်းတိုက်စစ်မှူးဟာ
မေမေရဲ့သား ဖြစ်နေလေရဲ့...။


မူရင်း-->လင်းဦး



``ပွဲစဉ်မှတ်တမ်း(၃၂)´´

မေမေရေ...
ဟောဒီသံသရာအသင်းမှာဆက်ကစားဖို့
သေခြင်းတရားဆီက
ဒုက္ခနဲ့အလိုက်ပေးဝယ်ခဲ့တဲ့သားအတွက်
ဘယ်တော့မှရင်းစားမရှုံးစေရဘူး။

ဖလားလက်မဲ့နဲ့ပွဲသိမ်းခဲ့ဖြစ်ရင်တောင်
မဆုတ်မနစ်တဲ့စွမ်းဆောင်ချက်အတွက်
မေမေကျေနပ်နိုင်ကောင်းပါရဲ့။

အသင်းကောင်းမဖြစ်သေးရင်တောင်
ငွေကြေးနဲ့မလဲရက်တဲ့စိတ်ဓါတ်နဲ့
သားဂုဏ်ယူတတ်ပါတယ်။

အနာဂတ်တွေခဏခဏခုတ်လှဲခံရတဲ့
သားရဲ့တောအုပ်လေးစိမ်းလန်းအောင်
အကြိမ်ကြိမ်ပျိုးထောင်ပြမယ်။

လောကနဲ့အချိတ်အဆက်မမိဘဲ
လူစားလဲခံခဲ့ရရင်တောင်
ဘ၀ဆိုတာမိနစ်ကိုးဆယ်နဲ့ပြီးသွားမဲ့
ကစားပွဲမှမဟုတ်တာ။

ဟောသည်သံသရာအသင်းမှာ
ထာဝရအသင်းဝင်နေသရွေ့
လက်ရွေးစင်ဖြစ်မလာဘူးလို့
ဘယ်သူပြောနိုင်မလဲမေမေ။

ဗျူဟာအခင်းအကျင်းမှားလို့
ရိုးသားစွာကိုယ့်ဂိုးကိုယ်သွင်းမိခြင်းဟာ
မရိုးသားစွာပယ်နယ်တီချော်သွင်းတာလောက်တော့
ခံပြင်းစရာမရှိပါဘူးနော်..မေမေ။

အနုပညာဆိုတဲ့ဖြေဆေးမရှိတဲ့
အဆိပ်ခွက်ကိုကျေနပ်စွာသောက်သုံးတတ်ပေမဲ့
အရှုံးထွက်နေတဲ့ပွဲစဉ်မှာ
နှစ်ဝါ တစ်နီဖြစ်စေတဲ့အတွန်းအတိုက်ကို
မနှစ်ခြိုက်တဲ့သားပါမေမေ။

သားရဲ့ဆန္ဒစောမှုကြောင့်
လူကျွံဘောအဖမ်းခံထိတတ်ပေမဲ့
ရည်မှန်းချက်တွေယိမ်းယိုင်
ဂိုးတိုင်တော့မပျောက်စေရဘူးမေမေ။

မေမေရေ...
ဘယ်လောက်ပဲဂိုးမိုးခေါင်ခေါင်
တောင်ဘက်မှာမိုးညိုလာအောင်
တစ်ခုတ်တရပျိုးထောင်ထားတဲ့
တောအုပ်လေးကြောင့်
လေထုတွေအေးမြလို့
ဂိုးမိုးတွေဖြိုင်ဖြိုင်ကျတဲ့တစ်နေ့မှာ
အဲ့ဒီကံကြမ္မာရဲ့ရင်ဝကို
(ခပ်ပြင်း..ပြင်း..လေး)
သား..ကန်သွင်းပြမယ်မေမေ။


မိတ္တူ-->တူးတူး

ဆက်ဖတ်ပါနော်...

Wednesday, November 14, 2007

အနုမှာအာနန္ဒာ

video

Myanma Ancient Cultural Heritage Zone, Bagan, has over 2,000 religious edifices, mostly pagodas, stupas and temples. Out of those, the ... all » Ananda Temple, built by King Kyansittha in the 11th Century AD, is the most famous for its artistic and stylistic architectural designs.

The foundation plan of the Ananda is in the form of Perfect Greek Cross, which is in much contrast to others in Bagan.The 4 special chambers for the use of the Buddha are also a singnificant point of the strange foundation plan. In each of the chambers, one standing Buddha image, which is huge and is of carved with wood is a display of exquisite art. It is appreciable that in Bagan era, such huge wood logs were carried and carved to be kept in vertical position. Each Buddha image is 31 ft high and its pedestal is 8 ft high. The diameter of the head of the image is 5 ft. So, these images are the longest among other standing Buddha images in Bagan.

By standing at the very first entrance to the prayer hall, you can pay homage to the whole Buddha image without raising your head.

Especially, the standing Buddha image straight to the north archway seems to have stable face when you are near. The face gradually changes and seems to smile when you go backwards one step after another from the image. This proves how intelligent those people of Bagan era were and smart in the art of carving. Systematic management for lighting at the Ananda is so impressive that visitors have to have high appreciation for the standard of architecture of the time.

There is a space, which can give direct natural light to each face of the standing Buddha image. Although the images are in the innermost part of the temple, pilgrims and visitors can clearly pay homage to the image because of such idealistic lighting spaces. It seems to be managed for the pilgrims to show strong devotion and concentration while they pay homage to the Buddha

There are two inner corridors at the Ananda while you go around the temple, you may surely remark on the fact that Bagan people have excellent thoughts for lighting and creation of proper ventilation.

Because natural light can enter not only through two tiers of windows around the Ananda but also passages between two corridors.

ဆက်ဖတ်ပါနော်...

Wednesday, November 7, 2007

အားမာန်ပေးတဲ့ကဗျာလေးတွေ

ကိုယ်တိုင်မရေးတတ်လို့ ဖတ်ဖူးတဲ့ကဗျာလေးတွေ မှတ်မိသလောက်
ချရေးပေးလိုက်ပါတယ်။


``ထိပ်ဆုံးသို့´´

တစ်တောင်ပေါ်တစ်တောင်ဆင့်
တောင်အမြင့်ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေအားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။

ခါတစ်လေ တကယ်ပန်းတာကြောင့်
တော်ပါပြီဆက်မလှမ်းချင်ဘု
ရပ်တန်းကရပ်မယ်ကြံ
အမှန်တော့ဖြစ်နိုင်ပါ့မလား
စခဲ့မိဟာပေါ့။

တစ်နေ့မှာဆုံးရာရောက်ပါလိမ့်
အားလျှော့ကာဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေလို့
မာလာငွေကန်ရေအေးရယ်နှင့်
ငှက်တေးကိုအာရုံဆင်လို့
မူတစ်သွင်အားအင်သစ်လိုက်ပါ့
ချစ်ဖွယ်လူသား။


ငွေတာရီ

ဒီကဗျာကတော့ဖတ်ဖူးတယ်ဆိုတာထက် ကျက်ဖူးတယ်လို့ပြောရမှာပါ။
ကလေးတုန်းက ကျောင်းစာအနေနဲ့အော်အော်ပြီးကျက်ခဲ့ကဗျာပါ။
အဲ့ဒီတုန်းက အဓိပ္ပာယ်တောင်သေချာမစဉ်းစားပဲ ကျက်ခဲ့ပေမယ့်
ဘ၀ဆိုတဲ့ကျောင်းမှာတော့ ဒီကဗျာဟာ စကားပြေပြန်စရာမလိုအောင်
မှတ်မိနေခဲ့ပါပြီ။



``ပျဉ်းမငုတ်တို´´

ဖုထစ်ရွတ်တွ၊ ငှက်လင်းတသို့
ပျဉ်းမငုတ်တို၊ သက်ကျားအိုသည်
ကုန်းမိုထက်တွင်၊ တစ်ပင်တည်း။

ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း
အဖေးတက်လာ၊ အိုင်းအမာတို့
ကျယ်စွာဟက်ပက်၊ ခြအိမ်ပျက်။

ကုန်းမိုကမ်းပါး၊ မြေပက်ကြားတွင်
စစ်သားခမောက်၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်းလက်ပြညွှန်း။

ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်
ဓါးထစ်လည်းခံ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လျက်၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်
အသင်ယောင်္ကျားကောင်းတကား။


မင်းသုဝဏ်



``ရဲခဲ့သည်ပါ့´´

မြစ်တန်းမှာတဲ့ လေကြမ်းဆင်
ထန်လိုက်လေ လေမုန်တိုင်း
လှိုင်းကဘောင်ဘင်။

တစ်လှိုင်းထွက် တစ်လှိုင်းဝင်၊ ဗေဒါခင်ဖြစ်နဲ
ရေလှိုင်းဗလပွေနဲ့
မုန်တိုင်းလေ ရေတစ်ရိုးမှာ၊ စိုးရွံ့မှာပဲ။

မြစ်ရိုးမှာတဲ့ မိုးသက်ဆင်
လျှက်ကြိုးပျံမိုးသံထစ်
မိုးစစ်ဘုရင်။

မိုးညစ်လို့မြစ်မမြင် ဗေဒါခင်ဖြစ်နဲ
ရေလှိုင်းဗလပွေနဲ့
မိုးသက်လေ ရေတစ်ရိုးမှာ၊ စိုးရွံ့မှာပဲ။

စိုးမရွံ့တွန့်မတုန်
မိုးနှင့်လေရေရှုပ်ထွေး၊ ရွေးမျှမဖြုံ
ဆန်လိုက်ပြန်တုန်၊ စုန်လိုက်ပြန်ရ
ခေါက်ပေါင်းမရေနိုင်လို့
ဗေဒါခိုင်သည်မြစ်ထဲ၊ ရဲခဲ့သည်ပါ့။

ဇော်ဂျီ


``မာန်´´

အရွက်အတံ
အနှံအသီး
ဖျက်ဆီးရုံမျှ
အားမရသေး
ပင်မကိုဖြတ်
အသေသတ်လည်း
မားမတ်ညွှန့်ဝေ
ခေါင်းထောင်နေအံ့
ရေသောက်မြစ်မှ
လူးလွန့်ထကာ
ခက်မရှင်သန်နေအုံးမည်။


မောင်စိန်ဝင်း(ပုတီးကုန်း)




မီးရဲရဲမှာကင်
ပေပေါ်တင်တူနဲ့ထု
ဒုက္ခရဲ့ ကြည်စားမှုတွေထဲ
အနေရဲစွာဖြတ်သန်း
ဒဏ်ရာကိုပန်းလိုနမ်းပြီးမှ
အကြမ်းထည်ဘ၀ကုန်ဆုံး
သံမဏိအားလုံးဓါးဖြစ်လာမယ်။


ဒီကဗျာကတော့ မဂ္ဂဇင်းဝတ္ထုတိုတစ်ပုဒ်ထဲမှာဖတ်ခဲ့ဖူးတာလို့ထင်ပါတယ်။
ခေါင်းစဉ်ရောရေးသူပါမသိတော့ပေမယ့်အထုအထောင်းခံရတဲ့အခါတိုင်း
ပြန်ပြန်ရွတ်မိလို့ မှတ်မိနေတဲ့ကဗျာပါ။ဒါပေမယ့် ``ဓါးမဖြစ်ခင် ငါတော့ပြာဖြစ်ရချည်ရဲ့ ´´လို့တွေးခဲ့ဖူးတာလည်းအခါခါပါပဲလေ...။

ဆက်ဖတ်ပါနော်...

Thursday, November 1, 2007

ကဗျာဖြစ်စေသတည်း...

စာမရေးတတ်ပေသိ
ကလိရတာဝါသနာပါလေတော့
ဘလော့ဂ်လုပ်ခဲ့မိတယ်။

လာလည်တဲ့မိတ်ဆွေတို့က
ပို့စ်အသစ်တင်ပါဗျို့ ..တဲ့
တို့ကတော့စိတ်ညစ်တယ်
ဘာရေးရမယ်မသိဘူး။

အခုမှခက်ပြီကွယ်
အရပ်တကာလည်စားခဲ့ပြီး
ကိုယ့်အိမ်မယ်အလည်ရောက်သခိုက်
ရေတိုက်ဖော်တောင်မရတဲ့အိမ်ရှင်ဘဝ
မျက်နှာပြဖို့တော့ခက်နေပြီ။

ခက်နေလို့မပြီးသေး
ရေးတော့ရေးရမယ်
တွေးလိုက်စမ်းကွယ်။

ခွေးချစ်သူ ညီမလေးတောင်
ရိုးသားစွာကလေးအတွေးနဲ့
ချစ်စရာလေးတွေရေးတတ်သေးတယ။်

တွေးတတ်သူအလွယ်ကလေးပေမယ့်
မရေးတတ်သူ idea ရှားလေတော့
ခက်ပါပေ့ ပီကေ ရယ်။

ထက်မြက်တဲ့ နည်းပညာ တွေ
မျှဝေ တဲ့ ဆရာ က၀ိတို့ကိုလည်း
အားကျပါဘိတော့တယ်။

ချစ်မယ်နော် ရဲ့ ဂွီဂေါ် လို
ပျော်စရာတွေတင်ဆက်ရန်လည်း
မွေးရာပါဟာသဉာဏ်က
မရှင်သန်လှပြန်ဘူး။

ကြံကြံဖန်ဖန် အတွေးအမြင်နဲ့
ဝင်္ကပါ ညီမလေးလိုလည်း
အဆန်းတကြယ်စိတ်ကူးက
မကြွယ်ဝလှပါဘူး။

ဘ၀တစ်ခုရွေ့လျားဖို့
လိုအပ်တာသူငယ်ချင်းပါ ဆိုတဲ့
ကဗျာချစ်သူ လေးတွေလို
နှစ်သက်ဖွယ် ကဗျာလမ်း တစ်လျှောက်
တို့လည်းလျှောက်ချင်တာပေါ့ကွယ်။

စာ၊ ကဗျာမရေးတတ်ပေမယ့်
နည်းပညာရှာဖွေသိချင်လို့
ဘလော့ဂ်မိတဲ့ ကိုငတေ လို
ကိုယ့် ကိုယ်ကိုအရှိန်သတ်ရတဲ့အထိ
တို့လည်းရေးတတ်ချင်လှတယ်။

ရေးဖြစ်မယ့် စာတစ်ပုဒ်ကိုတော့
ဇီးကွက် ရဲ့ ဘလော့ဂ်သတင်းမှာ
အတင်းအဖြစ်ပါချင်သေးတယ်။

သီချင်းကြိုက်တဲ့ dilo အတွက်
ဝက်ဝံလေးတွေရှာပေးချင်သေးတယ်။

ငယ်ကတည်းက ဇ မသေးတဲ့
နှစ်ပါးသွားလေးကချင်တဲ့ နှင်းဆီ လို
ဟိုအတိတ်အကြောင်းတွေ
ပြန်ပြောင်းရေးရင်ကောင်းမလား။

ရင်ထဲမှာတေးထားသမျှ
ဘလော့ဂ်မှာကြွေးတောင်းနေသော
ခုတလော ပေါပေါနေတဲ့ ကောင်မလေး လို
မုန့်ကျွေးပြီး ဆုမွန်ကောင်း
တို့များလည်းတောင်းချင်ပါရဲ့။

ရွာသားလေး တစ်ယောက်ရဲ့ရင်ခုန်သံလို
စိတ်ကူးလေးချန်ထားရုံနဲ့
ဘာမှမဆုံးရှုံးဘူးဆိုရင်တော့
အာဃာတတွေမေ့ဖျောက် လို့
ပျော်စရာကမ္ဘာ လေးတည်ဆောက်ချင်ပါတယ်။

အဲ့ဒီလိုယောက်ယက်ခက်အတွေးတွေနဲ့
ရေးမယ်လို့ဟန်ရေးပြပေမယ့်
မရနိုင်တဲ့အဆုံးမှာ ညံ့ဖျင်းတဲ့ကိုယ့်ကိုယ်ကို
နဘန်သာကျင်းချင်တော့တယ် မျှားပြာ ရယ်။

ထားပါတော့လေ ကြိုက်တာရေးပါဆိုတဲ့
ဆရာရန် က တော့ခွေးချင်းကိုက်တာတောင်
မြင်သာအောင်ရေးနိုင်ရင်ပို့စ်ကောင်းဖြစ်သတဲ့။

ကဲ.. ဒီလိုဆိုရင်တော့
ပြောနေကြာရော့မယ်
ဂါထာစုံမန်းမှုတ်လို့
မှန်းသမ်းကာရမ်းတုတ်လိုက်မယ်
ကဗျာတစ်ပုဒ်ဖြစ်စေသတည်း...။

လျှောက်သွားခဲ့ဖူးတဲ့မိတ်ဆွေများနဲ့ ရောက်လာခဲ့ဖူးတဲ့မိတ်သဟာများ
အားလုံးအတွက်အမှတ်တရပါ။
ကျန်ရစ်ခဲ့သူများမှာ ကာရန်မရှာတတ်တော့ပါသဖြင့်ချန်လှပ်ခဲ့ရခြင်း
သာဖြစ်ပါကြောင်း....။

ဆက်ဖတ်ပါနော်...