မင်္ဂလာပါ


Sunday, January 20, 2008

စက္ကူရုပ်လေးတွေခေါက်ကြမယ်(၁)

ဂျပန်ရိုးရာ(Origami)အိုရီဂါမီစက္ကူရုပ်ခေါက်နည်းလေးတွေပါ။

ဝါသနာပါသူများ အတွက်တော့ အပျင်းလည်းပြေ၊ စိတ်ဝင်စားစရာ လည်းကောင်းတဲ့ လက်မှုအနုပညာတစ်ရပ်ပါ။ စတုန်းရန်းပုံ စာရွက်တစ်ရွက်ဟာ ဖန်တီးသူရဲ့ လက်ထဲမှာ ကြိုးကြာတစ်ကောင် ဖြစ်နိုင်သလို၊ ပန်းတစ်ပွင့်လည်း ဖြစ်နိုင်ပါတယ်။ အခြားစိတ်ဝင်စားစရာ အရုပ်မျိုးစုံလည်း ဖြစ်နိုင်ပါတယ်။

တစ်ယောက်တည်း ပျင်းနေတဲ့အခါမှာဖြစ်စေ၊ တစ်စုံတစ်ရာက စောင့်ဆိုင်းရတဲ့ အခါမျိုးမှာဖြစ်စေ လက်ထဲမှာ စက္ကူတစ်ရွက်သာ ရှိနေခဲ့ရင် အရုပ်ကလေးတစ်ရုပ် ဖန်တီးခြင်းဖြင့် အဲ့ဒီအချိန်တစ်ခုကို ကျော်ဖြတ်နိုင်ပါတယ်။


ဒါကတော့ လူသိများ၊ထင်ရှားတဲ့ အိုရီဂါမီကြိုးကြာ လေးပါ။
ဒီကြိုးကြာလေးနဲ့က ကလေးဘ၀ကတည်းက ရင်းနှီးခဲ့တာပါ။ သကြားလုံးထုပ်တဲ့ စက္ကူလေးတွေ၊ မုန့်ထုပ်ထဲမှာပါတဲ့ တံဆိပ်ကလေးတွေကနေ ကြိုးကြာလေးတွေ အများကြီးဖြစ်ခဲ့ဖူးပါတယ်။

ကဲ..စိတ်ဝင်စားတယ် ဆိုရင်တော့ ဒီလိုကြိုးကြာလေး တစ်ကောင်ကို ကိုယ်တိုင်ဖန်းတီး ကြည့်နိုင်ပါတယ်။



စတုရန်းပုံ အခြေခံခေါက်နည်းပါ။ အရုပ်အများစုဟာ ဒီခေါက်နည်းပေါ်မှာ အခြေခံပါတယ်။




ခေါက်နည်းအဆင့်ဆင့် ဖြစ်ပါတယ်။





သရုပ်ပြ video လေးပါ။



Click on the crane to see animated diagrams.


Video Download Link

7 comments:

မျှားပြာ said...

အသည်းကွဲနေတဲ့ အခါ စက္ကူရုပ်ခေါက်ရင် ဘယ်လိုနေမလဲ ..။
ဗွေးတုတ်ရော ခေါက်နေသလားဝေ့ ..။

dilobear said...

sis tu tu

thanks for sharing naw.
i almost forgot how to fold them..

i love to fold those in my younger years..ahe.

it has been said that if u fold them in soem specific number,wishes can come true.not sure if its true but its the sincere heart that counts hoat? :D

အိ said...

ဟာ စစ် ကျေးဇူးအများကြီးတင်သွားပြီ။
အဲဒီကြိုးကြာအရင်ကခေါက်တတ်ပြီးမေ့နေလို့ကိုယ့်
ဘာသာကိုယ်စိတ်ဆိုးနေတာ။ဟန်ကျတာပဲ။ဟီး

လေးမ said...

video fileလေးက အဆုံးထိမပါဘူး...။ လေးမ ခေါက်ရင်းတန်းလန်း ဘာဆက်လုပ်ရမှန်းမသိတော့ဘူး..။ ဟင့်..။ ကြိုးကြာ ၁ ကောင်တောင်မလုပ်တတ်တဲ့ ဘ၀..။

M B L 0 G G E R said...

အဲဒီ အိုရီဂါမီကြိုးကြာလေး တွေအကြောင်း နဲ့ ပတ်သက်တဲ့ ဘာသာပြန်ဝတ္ထု တစ်ပုဒ်တော့ အထက်တန်း ကျောင်းသားဘ၀က ဖတ်ဖူးတယ်ဗျ။

ဟီရိုရှီးမား မှာ အနုမြူဗုံးအကြဲခံရပြီး မျိုးဆက် ၂ ခု အထိ ဓာတ်ရောင်ခြည် အသင့်ခံရတဲ့ ကလေးမ လေးတစ်ယောက်အကြောင်း ရေးထားတာလေးပါ။ သူတို့ ဂျပန်မှာ အဲဒီ ကြိုးကြာ အရုပ် တစ်ထောင်တိတိကို သတ်မှတ်ရက် အမှီလုပ်ပြီး ဗုံးအကြဲခံရသူတွေ အထိမ်းအမှတ် နေရာမှာ သွားထားနိုင်ရင် ရောဂါပျောက်တယ် ဆိုပြီး ယူဆပြောဆိုလေ့ ရှိကြတဲ့ အယူတစ်ခု အကြောင်းနဲ့ ပတ်သက်ပြီး ရေးထားတာ။

ဖတ်ဖူးတာကြာပြီဆိုတော့ ဇာတ်လမ်းဇာတ်အိမ် နဲ့ ဘယ်သူဘယ်ဝါ ရေးတယ်ဆိုတာတွေကို ခရေစေ့တွင်းကျ မမှတ်မိတော့ဘူးဗျာ။ အဲဒီတုန်းက တတ်ခဲ့တဲ့ ကြိုးကြာလုပ်နည်းလည်း စာတွေနဲ့ အတူမေ့။ :P အခု တူးတူးက ကြိုးကြာလုပ်နည်း ဆိုတာနဲ့ ပြန်သတိရလာလို့ ၀င်ရေးသွားတာ။

အားလုံးအတွက် ကျေးဇူး!

dilo bear said...

sis..

busy la?
no more new post?

waiting to read more naw..
can post anything u wan pa..
:D

dilo bear said...

sis..

hope everything is ok naw..
long time no read ur post..!

i m missing u sis..