သူငယ်ချင်းရေ…ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ…
သူငယ်ချင်းရေ…
ရပ်မရတဲ့အချိန်ရထားကတော့
သွားမြဲသွားလျက်ပါပဲ။
ခရီးသွားငါတို့တွေဟာ
ပျော်ရွှင်ရင်ရယ်မော
ဝမ်းနည်းတော့ငိုကြွေး။
မရသေးရင်ငေးမှိုင်
ပိုင်ဆိုင်တော့ပျော်မဆုံး။
ရှုံးနိမ့်ရင်အားငယ်
အောင်မြင်တော့အားတက်။
သံသရာမရပ်သရွေ့
ခရီးဆက်နေရအုံးမှာပဲ။
အဲ့ဒီခရီးတလျှောက်
ဘယ်လောက်ပဲပင်ပန်း
စိတ်နွမ်းကိုဖြေဖျောက်
နောက်တဖန်အားသစ်လောင်းလို့
“Be Strong” ကြရအောင်။
ခရီးသွားဖော်ငါတို့နှစ်ယောက်လည်း
ကတောက်ကဆနဲ့
တစ်ယောက်ကိုတစ်ယောက်အပြစ်တင်
မြင်တာနဲ့အော်ဟစ်
ဆက်ရန်ဖြစ်ကြရအောင်။
မင်္ဂလာပါ

Friday, October 19, 2007
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ...
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment