မင်္ဂလာပါ


Wednesday, September 26, 2007

မွေးနေ့ဆုတောင်း



သူငယ်ချင်းရေ...ဒီနေ့မှာကျရောက်တဲ့ နင့်ရဲ့မွေးနေ့အတွက် ကာရံမညီ စာမပီနဲ့ ရေးထားတဲ့ကဗျာ ဆက်ဖတ်ပါနော်...

“မွေးနေ့ဆုတောင်း”

မွေးနေ့မင်္ဂလာ ၊ ချိန်ခါမှသည်
လာမည့်ရာချီ ၊ နှစ်အလီလီတိုင်

ပိုင်ဆိုင်ချင်သမျှ ၊ ရွယ်ကာမျှဖြင့်
လိုတိုင်းတ၍ရပါစေ…။

ရင်ဆိုင်တွေ့မြဲ ၊ အခက်အခဲကို
ကျော်လွှားအောင်မြင်နိုင်ပါစေ…။

ကိုယ်လည်းကျန်းမာ ၊ စိတ်ချမ်းသာ၍
နှစ်ဖြာစိတ်ဝမ်းရွှင်လန်းစေ…။

.............................စေ…။

.............................စေ…။

.............................စေ…..လို့
တန်ခိုးရှင်လိုအစွမ်းနဲ့
မန်းမှုတ်လို့မပေးနိုင်သည့်တိုင်
တတ်နိုင်သမျှဉာဏ်ရည်နဲ့
ဖွဲ့သီတဲ့ကဗျာအစွမ်းကြောင့်
ရွှင်လန်းစွာဒီတစ်ရက်မှာ
ပျော်မြူးကာပီတိတစ်ခုနဲ့
ကြည်နူးမှုဖြစ်စေ…။


1 comments:

diLo said...

sis!
u did a great job with the slide show of the me-2-u bear!
wonder where u get the pix..reali nice nice de!

by the way, ur blog site is nice too..
very refreshing!
i ll try to visit more often..