မင်္ဂလာပါ


Thursday, November 1, 2007

ကဗျာဖြစ်စေသတည်း...

စာမရေးတတ်ပေသိ
ကလိရတာဝါသနာပါလေတော့
ဘလော့ဂ်လုပ်ခဲ့မိတယ်။

လာလည်တဲ့မိတ်ဆွေတို့က
ပို့စ်အသစ်တင်ပါဗျို့ ..တဲ့
တို့ကတော့စိတ်ညစ်တယ်
ဘာရေးရမယ်မသိဘူး။

အခုမှခက်ပြီကွယ်
အရပ်တကာလည်စားခဲ့ပြီး
ကိုယ့်အိမ်မယ်အလည်ရောက်သခိုက်
ရေတိုက်ဖော်တောင်မရတဲ့အိမ်ရှင်ဘဝ
မျက်နှာပြဖို့တော့ခက်နေပြီ။

ခက်နေလို့မပြီးသေး
ရေးတော့ရေးရမယ်
တွေးလိုက်စမ်းကွယ်။

ခွေးချစ်သူ ညီမလေးတောင်
ရိုးသားစွာကလေးအတွေးနဲ့
ချစ်စရာလေးတွေရေးတတ်သေးတယ။်

တွေးတတ်သူအလွယ်ကလေးပေမယ့်
မရေးတတ်သူ idea ရှားလေတော့
ခက်ပါပေ့ ပီကေ ရယ်။

ထက်မြက်တဲ့ နည်းပညာ တွေ
မျှဝေ တဲ့ ဆရာ က၀ိတို့ကိုလည်း
အားကျပါဘိတော့တယ်။

ချစ်မယ်နော် ရဲ့ ဂွီဂေါ် လို
ပျော်စရာတွေတင်ဆက်ရန်လည်း
မွေးရာပါဟာသဉာဏ်က
မရှင်သန်လှပြန်ဘူး။

ကြံကြံဖန်ဖန် အတွေးအမြင်နဲ့
ဝင်္ကပါ ညီမလေးလိုလည်း
အဆန်းတကြယ်စိတ်ကူးက
မကြွယ်ဝလှပါဘူး။

ဘ၀တစ်ခုရွေ့လျားဖို့
လိုအပ်တာသူငယ်ချင်းပါ ဆိုတဲ့
ကဗျာချစ်သူ လေးတွေလို
နှစ်သက်ဖွယ် ကဗျာလမ်း တစ်လျှောက်
တို့လည်းလျှောက်ချင်တာပေါ့ကွယ်။

စာ၊ ကဗျာမရေးတတ်ပေမယ့်
နည်းပညာရှာဖွေသိချင်လို့
ဘလော့ဂ်မိတဲ့ ကိုငတေ လို
ကိုယ့် ကိုယ်ကိုအရှိန်သတ်ရတဲ့အထိ
တို့လည်းရေးတတ်ချင်လှတယ်။

ရေးဖြစ်မယ့် စာတစ်ပုဒ်ကိုတော့
ဇီးကွက် ရဲ့ ဘလော့ဂ်သတင်းမှာ
အတင်းအဖြစ်ပါချင်သေးတယ်။

သီချင်းကြိုက်တဲ့ dilo အတွက်
ဝက်ဝံလေးတွေရှာပေးချင်သေးတယ်။

ငယ်ကတည်းက ဇ မသေးတဲ့
နှစ်ပါးသွားလေးကချင်တဲ့ နှင်းဆီ လို
ဟိုအတိတ်အကြောင်းတွေ
ပြန်ပြောင်းရေးရင်ကောင်းမလား။

ရင်ထဲမှာတေးထားသမျှ
ဘလော့ဂ်မှာကြွေးတောင်းနေသော
ခုတလော ပေါပေါနေတဲ့ ကောင်မလေး လို
မုန့်ကျွေးပြီး ဆုမွန်ကောင်း
တို့များလည်းတောင်းချင်ပါရဲ့။

ရွာသားလေး တစ်ယောက်ရဲ့ရင်ခုန်သံလို
စိတ်ကူးလေးချန်ထားရုံနဲ့
ဘာမှမဆုံးရှုံးဘူးဆိုရင်တော့
အာဃာတတွေမေ့ဖျောက် လို့
ပျော်စရာကမ္ဘာ လေးတည်ဆောက်ချင်ပါတယ်။

အဲ့ဒီလိုယောက်ယက်ခက်အတွေးတွေနဲ့
ရေးမယ်လို့ဟန်ရေးပြပေမယ့်
မရနိုင်တဲ့အဆုံးမှာ ညံ့ဖျင်းတဲ့ကိုယ့်ကိုယ်ကို
နဘန်သာကျင်းချင်တော့တယ် မျှားပြာ ရယ်။

ထားပါတော့လေ ကြိုက်တာရေးပါဆိုတဲ့
ဆရာရန် က တော့ခွေးချင်းကိုက်တာတောင်
မြင်သာအောင်ရေးနိုင်ရင်ပို့စ်ကောင်းဖြစ်သတဲ့။

ကဲ.. ဒီလိုဆိုရင်တော့
ပြောနေကြာရော့မယ်
ဂါထာစုံမန်းမှုတ်လို့
မှန်းသမ်းကာရမ်းတုတ်လိုက်မယ်
ကဗျာတစ်ပုဒ်ဖြစ်စေသတည်း...။

လျှောက်သွားခဲ့ဖူးတဲ့မိတ်ဆွေများနဲ့ ရောက်လာခဲ့ဖူးတဲ့မိတ်သဟာများ
အားလုံးအတွက်အမှတ်တရပါ။
ကျန်ရစ်ခဲ့သူများမှာ ကာရန်မရှာတတ်တော့ပါသဖြင့်ချန်လှပ်ခဲ့ရခြင်း
သာဖြစ်ပါကြောင်း....။

8 comments:

Mhaw Sayar said...

ကျွန်တော့်အတွက်တော့ ဘာမှပြောစရာမရှိပါဘူး။ ကြိုက်တယ်ဗျာ ကဗျာကို။ နောက်ထပ်လည်းဆက် ပို့စ် နိုင်ပါစေလို့ ဆုတောင်းသွားတယ်ဗျို့။

Winkabar said...

ကောင်းလိုက်တဲ့ကဗျာလေးအစ်မရယ်။
ကာရန်ကော အတွေးကော။ အားပေးနေတယ်နော်။

ရန်ကင်း said...

hahahahahahaha.....very good really good...i like it. :P

MELODYMAUNG said...

စာမရေးတတ်လို့ သာ တော်သေး၏။ ရေးလိုက်တဲ့ ကဗျာလေးက လန်ထွက်။ အတွေးရော အရေးရော ဂွတ်ထ။ တို့မပါတာတော့ ၀မ်းနည်း၏။ နောက်တွဲလေးတိုးပြီး လိုက်ချင်ပါရဲ့ :P

မျှားပြာ said...

ဟိုက် ရှာလပတ်ရည် ... အားပါးပါး ..
ကောင်းလိုက်တဲ့ကဗျာ ... မတူးတူးတို့ကတော့ မရေးရင် မရေးဘူး
ရေးရင်တော့ အလန်းတွေချည့်ပဲ ..

diLo said...

sis..
i like..!
very nice nice :D

Google Myanmar Services said...

ဘလော့ဂ်လုပ်တာလဲတတ်၊ ကဗျာရေးလဲတာလဲတော်။
မနေားလဲကောင်း၊ လူပေါင်းလည်းဆံ့၊ ဖြစ်ခြင်တာအားလုံး ဖြစ်နိုင်ပါစေဗျား။
ချစ်ဦး

(ကြော်ငြာဝင်လိုက်အုံးမယ် ) www.chitoo.iblogger.org

သက်နိုင် said...

ဟားဟား အဲလိုတော့ မလုပ်နဲ့ လေ ကျန်ခဲ့တဲ့ သူတွေက စိတ်ဆိုးမှာပေါ့။ကဗျာဆိုတာကလဲ ရေးတတ်တဲ့ သူအတွက်ဘာမှ မဟုတ်ပေမဲ့ မရေးတတ်တဲ့ သူအတွက်ကျတော့လဲ ခက်သားလားဗျ။ ကျွန်တော်လဲ အစ်မလိုပဲ ကဗျာရေးတတ်ဘူး။ဒါပေမဲ့ ရေးထားတာလေးတွေ ကောင်းပါတယ်။ ဆက်ရေး.. ဆက်ရေး... အားပေးနေမယ်။